မင်္ဂလာပါ ဓမ္မရံသီမိသားစုမှ ကြိုဆိုပါတယ်။
Location ရန်ကုန် - မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၁/၁
လှည်းကူးမြို့နယ်၊ ရန်ကုန်မြို့။

ဆရာတော်ဘဒ္ဒန္တသုနန္ဒ အရှင်သူမြတ်၏ ထေရုပတ္တိအကျဉ်းနှင့် သာသနာပြုဆိုင်ရာမှတ်တမ်း

BhoneBhonePhoto

ဆရာတော်လောင်းလျာကို (၁၃၂၇) ခုနှစ်၊ ကဆုန်လပြည့်ကျော် (၆) ရက် (၂၁.၅.၁၉၆၅) သောကြာ နေ့ နံနက် (၄ နာရီ ၃ဝ မိနစ်) တွင် ခမည်းတော် ဦးအောင်ကျော် + မယ်တော် ဒေါ်မြသောင်းတို့မှ ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာတွင် မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့ပါသည်။ မွေးချင်း(၆) ယောက်အနက် ပဥ္စမမြောက် သားရတနာဖြစ်ပြီး ငယ်မည်မှာ မောင်ကျော်သန်းဖြစ်သည်။ ရှမ်းပြည် မြောက်ပိုင်း၊ နောင်ချိုမြို့တွင် အတန်းကျောင်းပညာကို အဋ္ဌမတန်းအောင်မြင်သည်အထိ သင်ယူခဲ့ပါသည်။


သက်တော် (၁၄) နှစ် (၁၉၇၉ မတ်လ ၁၈-ရက်)တွင် ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့၊ သာသနာ့ ရောင်ခြည်ကျောင်းတိုက်ဆရာတော် ဦးအာစိဏ္ဏကို ဥပဇ္ဈယ်ပြု၍ ရှင်သာမဏေပြုခဲ့ပြီး ပရိယတ္တိအခြေခံ စာ၀ါများကို သင်ယူခဲ့ပါသည်။ သက်တော် (၁၆)နှစ် မှ (၁၈)နှစ် ထိ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ သီဟိုဠ် ပရိယတ္တိစာသင်တိုက်၊ ပဓါနနာယက ဆရာတော်ဘုရားကြီးနှင့် တိုက်အုပ်ဆရာတော်၊ စာချ ဆရာတော်များ ထံမှ မူလတန်း၊ အငယ်တန်း၊ အလတ်တန်းနှင့် အဘိဓမ္မာသုံးဆင့်အထိ ပရိယတ္တိဆိုင်ရာ စာပေပညာတို့ကို သင်ယူအောင်မြင်ခဲ့ပါသည်။


သက်တော် (၁၈) နှစ်မှ (၂၄) နှစ်အထိ (၇) နှစ်တိုင်တိုင် အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်၊ မဟာနာယက၊ နာယက၊ အနုနာယက၊ ဂဏဝါစက စာချဆရာတော်ဘုရားများထံမှ ပထမကြီးတန်းနှင့် သာမဏေကျော်လင်္ကာရ ပထမအဆင့်၊ ဒုတိယအဆင့်တိုကို သင်ယူအောင်မြင်ခဲ့ပါသည်။ ဆက်လက်၍ ဓမ္မာစရိယနှင့် သာမဏေကျော် တတိယဆင့်ဆိုင်ရာ စာပေများကို ဆက်လက် သင်ယူဆည်းပူးရင်း မျက်စိ ကျန်းမာရေးထိခိုက်မှုများကြောင့် နာယကဆရာတော်ဘုရားများ၏ သြဝါဒကိုခံယူလျက် ပရိယတ္တိစာပေ သင်ယူခြင်းမှ ရပ်နားခဲ့ရပါသည်။


Read More

တရားစာအုပ်များ

သူလိုမိန်းမသား ရှားမှရှား

“သူလိုမိန်းမသား ရှားမှရှား” တရားစာအုပ်သည် ဓမ္မရံသီစာစဉ်အမှတ် (၂) ဖြစ်ပါသည်။ ဝိပဿနာ တရား၏ စွမ်းအားကို...

Download

ယောဂီအတွက် စကားလက်ဆောင်

ဒီစာအုပ်ကလေးဟာ ရိပ်သာထဲက ယောဂီရဲ့ အတွေးမှတ်တမ်းလေးပါ။ ရိပ်သာ မဝင်ဖူးသေးသူ များအတွက် ရိပ်သာ ရသကို ရိပ...

Download

ဗုဒ္ဓဘာသာငါးမျိုး

ဤ “ဗုဒ္ဓဘာသာငါးမျိုးနှင့် သစ္စာလေးပါးတရားတော်” ကျမ်းစာမှာ ဓမ္မရံသီမိုးကုတ်ရိပ်သာ ဆရာတော်၏ ထင်ရှားသည့...

Download

ကြီးပွားကြောင်းရာ မင်္ဂလာ

ဓမ္မရံသီဆရာတော်ဘုရားသည် ဤ “ကြီးပွားကြောင်းရာ မင်္ဂလာ” တရားတော်ကြီးကို နိဒါန ဝဂ္ဂ၊ ပဋိစ္စသမုဒ္ဒပါဒ်သံ...

Download

တရားတော်အသံဖိုင်များ

သစ္စာတရားနာမှူနှင့် နှလုံးသွင်းမှန်မှူ(၁)
သစ္စာတရားနာမှူနှင့် နှလုံးသွင်းမှန်မှူ(၂)
သစ္စာတရားနာမှူနှင့် နှလုံးသွင်းမှန်မှူ(၃)
နိဗ္ဗာန်ရောက်ချင်လျှင် ကိုယ့်စိတ်ကိုရူကြပါ(၁)
နိဗ္ဗာန်ရောက်ချင်လျှင် ကိုယ့်စိတ်ကိုရူကြပါ(၂)
ရွှေမြင်းဦးထွန်းလှိုင်+ဒေါ်သိန်းတို့၏သားရှင်ပြုအလှူမင်ဂလာ
သောတပန်တည်ခြင်းအကြောင်း
ပုထုဇဥ်နှင့်အရိယာ ရှာမှီးခြင်းမတူကြပုံ
အသေခြင်းဆက်နေသော သံသရာ
ဝိပရိဏာမဒုက္ခသိ၍ အဝိပရိဏာမနိရောဓကို မျက်မှောက်ပြုခြင်း
‌ဉာဏ်သုံးဉာဏ်နှင့် နိဗ္ဗာန်ရောက်ပုံ
ဝဿကာရပုဏ္ဏားနှင့် အရှင်အာနန္ဒာအမေးအဖြေ
ဗုဒ္ဂဘာသာဝင်တွေလုပ်ရမည့်တရား
ဒုက္ခကိုပိုင်းခြားသိရှိကြရန်
ဓမ္မနှင့် အနုဓမ္မရှင်းတရား

ပန်းချီကားများ