မင်္ဂလာပါ ဓမ္မရံသီမိသားစုမှ ကြိုဆိုပါတယ်။
Location ရန်ကုန် - မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၁/၁
လှည်းကူးမြို့နယ်၊ ရန်ကုန်မြို့။

ဓမ္မရံသီလုပ်ငန်းစဉ်များ

မြန်မာပြည် အရပ်ရပ်ရှိ ဓမ္မရံသီမိုးကုတ်ရိပ်သာ ကျောင်းတိုက်ကြီးများအတွင်း ပရိယတ္တိ၊ ပဋိပတ္တိ၊ ယဉ်ကျေးလိမ္မာ လုပ်ငန်းစဉ်များ ရေရှည်တည်တံ့နိုင်ရေး ပဒေသာပင် စိုက်ထူလှူဒါန်းခြင်း။

ဗုဒ္ဓမြတ်စွာ သာသနာ ရေရှည်တည်တံ့ခိုင်မြဲရေး သာသနာပြုလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် ၁၀၀၀၀ (ကျပ်တစ်သောင်း) ပဒေသာပင် စိုက်ထူလှူဒါန်းခြင်းဖြင့် မတည်ဆောင်ရွက်ကြပါစို့။

လွှဲပြောင်းလှူဒါန်းနိုင်သည့် ဘဏ်အကောင့် မြန်မာပြည်အရပ်ရပ်ရှိ

CB-BANK call – A/C – 0002 6008 0000 1333

ဆက်သွယ်ရန်ဖုန်းနံပါတ်

09 773 771 662, 09 792 099 992

ပဒေသာပင်တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်

မြန်မာပြည်အရပ်ရပ်ရှိ ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်ကြီးများတွင်

၁။ ပရိယတ္တိစာသင်/စာချ သုတဗုဒ္ဓလောင်းလျာများ ပေါ်ထွန်းနိုင်ရေးနှင့် စာသင်သားသံဃာတော်များ ရေရှည်ရပ်တည်နိုင်ရေးအတွက်

(က) ပရိယတ္တိစာအုပ်စာပေ နှင့် (စာအောင်ဆုနှင်းသဘင်ကျင်းပနိုင်ရေး) ပဒေသာပင်

(ခ) ကျန်းမာရေးနှင့် ပစ္စည်းလေးပါး စောင့်ရှောက်မှု ပဒေသာပင်

(ဂ) စာသင်သား သံဃာစာချ/စာသင် ခန်းမဆောင်များ ပေါ်ထွန်းထိမ်းသိမ်းစောင့်ရှောက်နိုင်ရေး ပဒေသာပင်

၂။ ပရိပတ္တိ သာသနာတော်အား စောင့်ရှောက်နိုင်ရေးအတွက်

(က) တရားစခန်းဝင် ပါရမီရှင်ယောဂီသူတော်စင်များ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းရာအဟာရဒါန ရေရှည်ထောက်ပံ့နိုင်ရေး ပဒေသာပင်

(ခ) စခန်းဝင်ယောဂီများ၏ ကျန်းမာရေးစောင့်ရှောက်မှု ဆေးပဒေသာပင်

(ဂ) တရားစခန်းဝင်ယောဂီဆောင်နှင့် သာသနိကအဆောက်အဦးများ ရေရှည်တည်တံ့ထိန်းသိမ်းနိုင်ရေး ပဒေသာပင်

(ဃ) လစဉ် (၁၀) ရက်တရားစခန်းများ မပျက်မကွက် ရေရှည်ဖွင့်လှစ်နိုင်ရေး ပဒေသာပင်

၃။ အမျိုးသားစာရိတ္တပညာမြင့်မားရေးအတွက်

(က) နှစ်စဉ်မပြတ် ဓမ္မရံသီကုလရက္ခိတ ယဉ်ကျေးလိမ္မာလူငယ် (၁၀) ရက် တရားစခန်းများ ဖွင့်လှစ်သင်ကြားပို့ချနိုင်ရေး ပဒေသာပင်

(ခ) တနင်္ဂနွေ ဓမ္မရံသီကုလရက္ခိတ ယဉ်ကျေးလိမ္မာ ဓမ္မသင်တန်းများ၌ စာအုပ်စာပေများ လှူဒါန်းနိုင်ရေး ပဒေသာပင်

(ဂ) ဓမ္မသင်တန်းတက်ရောက်ကြမည့် ကလေးငယ်များ၏ အဟာရဒါနနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပဒေသာပင်

(ဃ) ယဉ်ကျေးလိမ္မာနည်းပြ ဆရာ/ဆရာမများ ပေါ်ထွန်းနိုင်ရေးနှင့် နည်းပြသင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်နိုင်ရေး ပဒေသာပင်

(င) နှစ်စဉ်မပြတ် ယဉ်ကျေးလိမ္မာ စွမ်းရည်မြင့်စုံညီပွဲတော်များ ကျင်းပနိုင်ရေး ပဒေသာပင်

အထက်ပါလုပ်ငန်းစဉ် (၃) ရပ်ဖြစ်သော

(၁) ပရိယတ္တိ သင်ကြားပို့ချမှု

(၂) ပဋိပတ္တိ ပွားများအားထုတ်မှု

(၃) စာရိတ္တပညာမြင့်မားရေး ဆောင်ရွက်မှု ရေရှည်တည်တံ့ပြန့်ပွားအောင် ဆောင်ရွက်နိုင်ရေးအတွက် ပဒေသာပင်တစ်ပင်လျှင် ၁၀၀၀၀ (တစ်သောင်းကျပ်) နှင့် တစ်သောင်းအထက် မိမိတို့စွမ်းနိုင်သလို စိုက်ထူလှူဒါန်းနိုင်ပါသည်။

ထုတ်ယူ၊ ခွဲဝေ၊ သုံးစွဲမှု ကဏ္ဍ

ဒေသအသီးသီးမှ အလှူရှင်များ လှူဒါန်းအပ်သော ပဒေသာပင် ငွေပင် ငွေရင်းအဖြစ် ဘဏ်မှာအပ်နှံလျှက် အတိုးကိုသာ ထုတ်ယူပြီး ဓမ္မရံသီကျောင်းတိုက်အသီးသီးမှ နာယကဆရာတော်များနှင့် တာဝန်ရှိ အမှုဆောင်ကော်မတီ ဆုံးဖြတ်ချက်ဖြင့် အထက်ပါလုပ်ငန်းကြီး (၃) ရပ်အတွက် မတည်လှူဒါန်းသွားမည် ဖြစ်ပါသည်။

လှူဒါန်းရန် ဌာနများ

(၁) ရန်ကုန်၊ မန္တလေး၊ မိုးကုတ်၊ မုံရွာ၊ မူဆယ်၊ တောင်သာမြို့ကြီးများ၌ တည်ထားအပ်သော ဓမ္မရံသီမိုးကုတ်ရိပ်သာကြီးများ

(၂) ဓမ္မရံသီဆရာတော်ကြီးနှင့် ဆရာတော်၏တပည့် ကမ္မဌာနစရိယ ဓမ္မကထိက ဆရာတော်များ၊ ဓမ္မသဘင်တရားစခန်းကျင်းပရာ မြန်မာပြည်ဒေသအသီးသီး

(၃) မြန်မာပြည်အရပ်ရပ်ရှိ CB ဘဏ်များ လှူဒါန်းရန် အကောင့်နံပါတ်

CB-BANK call – A/C – 0002 6008 0000 1333

ဆက်သွယ်စုံစမ်းရန်

၁။ ရန်ကုန်၊ မန္တလေး၊ မိုးကုတ်၊ မုံရွာ၊ မူဆယ်၊ တောင်သာ

၀၉ ၇၇၃ ၇၇၁ ၆၆၂၊ ၀၉ ၇၉၂ ၀၉၉ ၉၉၂

၂။ မိုးကုတ်

၀၈၆ ၂၀၂၇၄၊ ၀၈၆ ၂၀၇၉၇

၃။ မန္တလေး

၀၂ ၅၅၂၅၅၊ ၀၂ ၅၅၂၃၃၊ ၀၉ ၂၀၀ ၀၅၈၇

၄။ မုံရွာ

၀၉ ၇၉၂ ၁၃၀ ၂၀၀၊ ၀၉ ၂၅၉ ၀၃၈ ၈၉၂၊ ၀၉ ၄၀၀ ၄၀၂ ၁၀၀

၅။ မူဆယ်

၀၉ ၄၀၃ ၇၂၂ ၂၇၇၊ ၀၉ ၅၁၉ ၄၃၁၀

၆။ တောင်သာ

၀၉ ၂၂၁ ၂၄၅၆၊ ၀၉ ၂၂၁ ၂၀၇၇၊ ၀၉ ၂၂၁ ၂၃၈၈

၇။ ရန်ကုန်

၀၉ ၇၇၃ ၇၇၁ ၆၆၂၊ ၀၉ ၇၉၂ ၀၉၉ ၉၉၂၊ ၀၉ ၄၀၂ ၆၄၈ ၇၉၈