သံဃာ့သြဝါဒခံ ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက် (တောင်သာမြို့) ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းစဉ် ဆောင်ရွက်မှု အစီရင်ခံစာ
နိဒါန်း
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ သာယာကုန်းအုပ်စု၊ ပဒဲကောကျေးရွာ၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်(၁/၁) ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်ဖွင့်ပွဲသို့ ကြွရောက် ချီးမြှောက်တော်မူကြသော ဆရာတော်ဘုရားကြီးများနှင့်တကွ သံဃာတော်အရှင်မြတ်များ၊ ရပ်နီးရပ်ဝေးမှ ဓမ္မရံသီမိသားစုဝင်များ၊ ဓမ္မမိတ်ဆွေများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာကာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ချွေလ ျှက် ရိုသစွာ ဦးတင်ဂါရ၀ နှုတ်ခွန်းဆက်သအပ်ပါတယ်ဘုရား။
၁။ တည်နေရာနှင့် အကျယ်အဝန်း
တောင်သာမြို့၊ မင်္ဂလာဦးရပ်တွင် လူအများ၏ စိတ်ဆဆန္ဒကိုအတိုင်း ရိပ်သာတစ်ခု တည်ထောင်နိုင်စေဖို့ (၈.၄.၂၀၀၁)တွင် မြေအလှူရှင် ဦးကြည်တိုး+ဒေါ်ကြွယ်ရှန်တို့မှ (၈.၃၇) ဧကနှင့် ဦးလူတင်လေးမှ (၁.၄) ဧက ပေါင်း (၉.၈၇) ဧကကို ဝမ်းမြောက်ဝမ်းသာ လှူဒါန်းပေးပါသောကြောင့် သစ္စာတရားအလင်း ဟောပြရာရိပ်သာတစ်ခုကို တည်ထောင် ဖြစ်ခဲ့ပါသည်။
၂။ မူလရိပ်သာသမိုင်း
၎င်းရိပ်သာကို လူအများ၏ဆနဖြင့် မိုးကုတ်ရိပ်သာအဖြစ် တည်ထောင်ခဲ့ရာ သြဝါဒါစရိယ ဆရာတော်ဘုရားကြီးများနှင့် မင်းတည်းရွာအုပ်စု၊ သံဃနာယကအဖွဲ့သို့ တင်ပြကာလျှောက်ထား အကျိုးတော်ဆောင်လူကြီးမင်းများမှ (၇) ရက် တရားစခန်းများကြိုးစား ဖွင့်လှစ်ခဲ့ကြပါသည်။ စခန်းဝင် ယောဂီ (၃၀၀) ခန့်ထိ ဝင်ရောက် တရားအားထုတ်ခဲ့သော တရားစခန်းပွဲ (၁၁) ကြိမ်အထိ ဖွင့်လှစ် အောင်မြင်ခဲ့ပါသည်။
၃။ ဆရာတော်ထံ လျှောက်ထားတောင်းပန်
(၁၀.၁.၂၀၀၄) တွင် အကြောင်းအကျိုး မညီညွတ်သောကြောင့် တရားစခန်းပွဲများ ရပ်နား ခဲ့ရသည်။ ထိုသို့ရပ်နားထားမှုကို ပြန်လည်အကောင်အထည်ဖော်ဆောင်နိုင်ရန် တိုင်ပင်စဉ်းစားနေခိုက် (၂၀၁၁) ခုနှစ်၊ ဒီဇင်ဘာလထဲတွင် မြင်းခြံမြို့၊ ရွှေပြည်စိုးဗိမာန် ဓမရံသီမိုးကုတ်ဝိပနာ (၇) ရက် မီးငြိမ်းတရားစခန်းပွဲတွင် ယခင်ရိပ်သာနှင့်စပ် ဝေယျာဝစဆောင်ွက်ခဲ့ကြသော ဒေါ်တာနှင့်အဖွဲ့များမှ ဓမ္မရံသီဆရာတော်ဘုရားထံ ချဉ်းကပ်ပြီး တောင်သာမြို့၊ မင်္ဂလာဦးရပ်တွင် မိုးကုတ်ရိပ်သာကြီး ပြန်လည်ထွန်းကားလာနိုင်စေဖို့ သာသနာပြုပေးပါရန် လေ ျှာက်ထားတောင်းပန်ခဲ့ပါသည်။
၄။ ဓမ္မရံသီမိုးကုတ်ရိပ်သာ တည်ထောင်ပြီ
(၁.၇.၂၀၁၆) မနလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ မင်းတည်းကျေးရွာအုပ်စု၊ ဂဲကြီးကွင်းအမှတ် (၁၀၀)ခု၊ ဦးပိုင်အမှတ် (၆၅/၁) မြေဧရိယာ (၈.၄၇) ဧကနှင့် တွင်းအမှတ် (၉၉၉) ဦးပိုင်အမှတ် (၃၁/၂)၊ မြေဧရိယာ (၁.၄) ပေါင်း (၉.၈၇)ဧကှိ မြေများ၊ ယင်းမြေပေါ် အဆောက်အဦးများကို မြေအလှူရှင်များ၊ ကျောင်းဒကာ ကျောင်းဒကါမများ၊ မိုးကုတ်ရိပ်သာ ဖြစ်မြောက်ရေး ကော်မတီဝင်များ သဘောတူ ကြည်ဖြူညီညွတ်စွာဖြင့် ဓမ္မရံသီဆရာတော်ဘုရား၏ လမ်းညွှန်မှုနှင့်အတူ တောင်သာမြို့နယ်၊ သံဃနာယကအဖွဲ့တို့အား ရက္ခိတ ဂေါပကအဖြစ် လှူဒါန်း အပ်နှံခဲ့ပါသည်။
သံဃနာယကဆရာတော်များကလည်း သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ရှေးရှုလ ျှက် အလှူရှင်ဒကာများ၏ ဆနသဘောတူညီမှုဖြင့် ဓမ္မရံသီဆရာတော်ဘုရား တရားပြ/တရားဟောရာ မြို့များသို့ လိုက်လံကာ ပင့်ဆောင်စေခဲ့ပါသည်။ တောင်သာမြို့သို့ ဓမ္မရံသီဆရာတော်ဘုရား ကြွလာသောအခါ ဆရာ/ဒကာ ညီညွတ်စွာဖြင့် ဓမ္မရံသီဆရာတော်ဘုရား ကြိုက်နှစ်သက်ရာ အမည်နာမကိုတပ် သာသနာတော်နှင့်တကွ ရိပ်သာကျောင်းတိုက်ကို ထိန်းသိမ်းစောင့်ရှောက်စေဖို့ ရက္ခိတ၊ ဂေါပက အဖြစ် အပ်နှံ့ကာ တာဝန်ပေးခဲ့ပြန်ပါသည်။
(၂၅.၈.၂၀၁၆) ကြာသပတေးနေ့တွင် မင်္ဂလာဦးဓမ္မရံသီမိုးကုတ်ဝိပနာရိပ်သာအဖြစ် ကျောင်းလွှတ်ပူဇော်ပွဲ ကျင်းပနိုင်ခဲ့ပါသည်။ တောင်သာမြို့၊ မြို့တော်ခန်းမတွင် ရိပ်သာဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် သစာဓမ္မသဘင် ညအထူးတရားပွဲကို (၃) ညတိတိ ကျင်းပခဲ့ပါသည်။
၅။ ဆောင်ရွက်ပြီး သာသနာပြုလုပ်ငန်းစဉ်များ
၂၀၁၇.ခုနှစ်၊ ဖေဖော်ဝါရီလမှစ ပြုလုပ်ဖြစ်ခဲ့သော တရားစခန်း သင်တန်းများမှာ –
(၁) အထူးတရားစခန်းပွဲ = (၁၃) ကြိမ်
(၂) နွေရာသီယဉ်ကျေးလိမာသင်တန်း = (၂ ) ကြိမ်
(၃) ယဉ်ကျေးလိမာဆရာဖြစ်သင်တန်း = (၁ ) ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပါသည်။
၎င်းလုပ်ငန်းစဉ်များနှင့်တကွ အမျိုးဘာသာသာသနာအကျိုး တိုးတက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန်အတွက် ဓမ္မရံသီနိဗဒ္ဒကုသလ္လဒါန သာသနာ့ပစ္စယာနုဂ္ဂဟ လစဉ်ပစည်းလေးပါး အထောက်အကူပြု အလှူတော်အသင်းအဖွဲ့ကို ဆရာတော်ဘုရား၏ လမ်းညွှန်မှုနှင့်အညီ တည်ထောင် ထားပါသည်။ သာသနာ့အကျိုးပြုလုပ်ငန်းများ ပြုလုပ်လ ျှက်ရှိရာတွင် အဖွဲ့ဝင် (၄၅) ဦးဖြင့် စတင်ခဲ့ရာ ယခုအခါတွင်(၅၁၅)ထိ အောင်မြင်နေပါသည်။ ဆက်လက်ပြီးတိုးပွားအောင်လည်း အကျိုးဆောင်နေဦးမည်ဖြစ်ပါသည်။
နိဂုံးကမတ်အဆုံးသတ်
ပျားကောင်လေးများသည် ပန်းပွင့်လေးများအား မထိခိုက်စေပဲ ဝတ်ရည်ကိုစုပ်ယူ ပျားရည်များကို စုဆောင်းကာ လူအများ၏ ကျန်းမာရေးအတွက် အကျိူးပြုသော စတုမဓူဆေးကို ဖြစ်စေခဲ့သည်။ ကျွန်တော်တို့၏ စွမ်းဆောင်မှုသည်လည်း လူအများကို ကိုယ်ကျန်းမာ စိတ်ချမ်းသာကာ အရိယာစခန်း တက်လှမ်းနိုင်ရေး အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ကာ ကြိုးစားဆောင်ရွက်ရခြင်း ဖြစ်ပါသည်။
“မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား” ဟူသော ဘုရားရှင်တိုင်း၏ သြဝါဒတော်မြတ်အတိုင်း လောကသတဝါအများ သာယာငြိမ်းချမ်း ဘေးမသန်းစေရန် စိတ်ရည်သန်ပြီး မင်္ဂလာဦးဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်တွင် ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိယအတိုင်း ကောင်းစွာတရားပြ တရားအားထုတ်နိုင်ကြပါစေဟု စိတ်ထားပြုလျှက် ကြိုးစားခဲ့ရသောကြောင့် ကျွန်တော်တို့ တောင်သာ ဓမ္မရံသီမိသားစုများအားလုံး ဝမ်းသာဂုဏ်ယူမိပါသည်။
ဆက်လက်ပြီး ဓမရံသီဆရာတော်ဘုရား၏ သာသနာပြုလုပ်ငန်းသုံးရပ်ဖြစ်သော –
(က) ပရိယတ္တိသာသနာ စာသင်/စာချ သုတဗုဒအမည်ရသော အရှင်ကောင်း အရှင်မြတ်များ ပေါ်ထွန်းနိုင်ရေး၊
(ခ ) ပဋိပတ္တိသာသနာ ကိုယ်စီကိုယ်ငှနှလုံးသား မြတ်ဓမ္မများကိန်းဝပ် ငြိမ်းချမ်းသောလောကကြီးကို တည်ဆောက်နိုင်ရေး၊
(ဂ ) အမျိုးသားစာရိတ္တပညာမြင့်မားရေး နိုင်ငံ့သားကောင်း၊ သမီးကောင်း ရတနာများ ပေါ်ထွန်းနိုင်စေရန် ယဉ်ကျေးလိမ္မာလုပ်ငန်းစဉ်များ တိုးတက်ပြန့်ပွားစေရေး အလေးပေး ကြိုးစားအားထုတ် ဆောင်ရွက်လ ျှက်ရှိပါသည်။
၎င်းလုပ်ငန်းစဉ်များအား အစဉ်ထာဝရ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် –
(က) ပရိယတ္တိပဒေသာပင်၊
(ခ ) ပဋိပတ္တိပဒေသာပင်၊
(ဂ ) စာရိတ္တပညာမြင့်မားရေးပဒေသာပင်များကို ဆောင်ရွက်လျှက်ရှိပါသည်။
ထိုသို့သောလုပ်ငန်းများကို ဆထက်ထမ်းပိုး တိုးတက်နိုင်ရေး စွမ်းဆောင်ရာတွင် အောင်မြင်မှု အလီလီ ရစေနိုင်သောခွန်အားများ ဖြစ်ထွန်းပေါ်ပေါက်စေရန် ယနေ့ ကြွရောက်လာပရိသတ်များစွာတို့မှ ဝမ်းမြောက်နုမော် သာဓုမောဒနာခေါ်ဆိုနိုင်ကြပါစေကုန်သတည်း။