မင်္ဂလာပါ ဓမ္မရံသီမိသားစုမှ ကြိုဆိုပါတယ်။
Location ရန်ကုန် - မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၁/၁
လှည်းကူးမြို့နယ်၊ ရန်ကုန်မြို့။
သံဃာ့သြဝါဒခံ မိုးကုတ်မြို့၊ ဓမ္မရံသီ မိုးကုတ်ရိပ်သာကျောင်းတိုက်ကြီး၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းစဉ် ဆောက်ရွက်မှု အစီအရင်ခံစာ

၁။ နိဒါန်း
မြတ်ဗုဒ၏ သဒမသုံးဖြာ သာသနာတော်မြတ်ကြီး အှည်ခန့် တည့်တံ့ပါစေခြင်းအကျိုးငှါ ရည်မျှော်လျှက် ဓမရံသီဟူသော အမည်နာမဖြင့် မြတ်ဆရာ ဓမရံသီဆရာတော်ဘုရား စတင် သာသနာပြုလုပ်ငန်းများ အားသွန်ခွန်စိုက် ဆောင်ရွက်တော်မူခဲ့သည့် ဓမရံသီ၏ မူလပထမ အစဦးဆုံးကျောင်းတိုက်ဖြစ်သော မနလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ ကုန်းမြင့်သာယာရပ်၊ ဓမရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်ကြီး စတင်ဖြစ်ပေါ်လာခဲ့ပုံနှင့် လုပ်ငန်းစဉ်များကို ဓမရံသီသာဝက ဓမရံသီမိသားစုများ သိရှိနားလည် သဒါပီတိပန်း ရင်ဝယ်လန်းစေဖို့ တင်ပြအပ်ပါသည်။

 
၂။ မိုးကုတ်မြို့၊ ဓမ္မရံသီ မိုးကုတ်ရိပ်သာကျောင်းတိုက်ကြီး၏ ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းစဉ်များ
(က) ဝါတွင်းကာလ တစ်လလျှင် (၂) ကြိမ် (၁၀) ရက် အထူးတရားစခန်းများဖွင့်လှစ်ခြင်း
(ခ) သင်္ကြန်တွင်း စုပေါင်းဒုလဘရဟန်းခံ ရှင်ပြုပွဲနှင့် (၁၀) ရက် အထူးတရားစခန်းများ ဖွင့်လှစ်ခြင်း
(ဂ ) ကဆုန်လ (၁၀) ရက် အထူးတရားစခန်းများဖွင့်လှစ်ခြင်း
(ဃ) ဓမရံသီကုလရကိတ ယဉ်ကျေးလိမာသင်တန်းများ ဖွင့်လှစ်သင်ကြားခြင်း
(င ) ဓမရံသီကုလရကိတ ယဉ်ကျေးလိမာ (၁၀) ရက် လူငယ်အထူးတရားစခန်းများ ဖွင့်လှစ်ခြင်း
(စ ) ပုညသမာရ လူငယ်ဘုံဆွမ်းလောင်းအသင်းကို တည်ထောင် သံဃာတော်များအား အရုဏ်ဆွမ်းများ လောင်းလှူခြင်း

 
၃။ ကျောင်းတိုက် စတင်ဖြစ်ပေါ်လာခြင်း
မိုးကုတ်မြို့၊ ဓမရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်ကြီးကို သာသနာနှစ် ၂၅၃၆ ခုနှစ်၊ ကောဇာသကရာဇ် ၁၃၅၄ ခုနှစ်၊ တန်ခူးလဆန်း (၈) ရက် (၃၀.၃.၁၉၉၃) အင်္ဂါနေ့တွင် တည်ထောင်ပါသည်။ မိုးကုတ်မြို့ကို အခြေပြုလျှက် မြန်မာတစ်နိုင်ငံလုံးသို့ သစာတရားဓမများ ခက်လက်ဝေဆာ ဖူးပွင့်လာမည့် ဓမရံသီမိုးကုတ်ရိပ်သာကျောင်းတော်ကြီးကို နိုင်ငံတော်သြဝါဒါစရိယ၊ အဂမဟာသဓမဇောတိက၊ အဂမဟာပဏ္ဍိတ သတိပဋ္ဌာန်ပရိယတတိစာသင်တိုက်ကြီး၏ ပဓာနနာယကဆရာတော်ဘုရားကြီးကို သြဝါဒါစရိယဆရာတော်အနေဖြင့် တင်မြှောက် စတင်တည်ထောင် ဖွဲ့စည်းခဲ့ပါသည်။
စတင်တည်ထောင်သည့် အချိန်အခါကာလကိုလည်း မျှော်ကြည့်လျင် သစ်ပင်ဝါးပင် လက်ဖက်ပင်တို့ကြားမှာ နှစ်ခန်းပတ်လည် မြေစိုက်ထရံကာ သွပ်မိုးကျောင်းကလေးနှင့် စတင်ခဲ့သည်။ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစာတရားတော်များ ဆက်လက်စည်ပင်ပြန့်ပွား ထွန်းကားနိုင်ရန်အတွက် ကြိုးစားအားထုတ်တော်မူခဲ့သော မိုးကုတ်ရိပ်သာကျောင်းတိုက်ကြီးသည် ယခုအခါတွင် များပြားလှသော သာသနာပြုလုပ်ငန်းစဉ်များ၊ သာသနိကအဆောက်အဦးများနှင့် ခန်းနားထည်ဝါလှစွာ မိုးကုတ်မြို့၏ ကျက်သရေဆောင်တစ်ခုအဖြစ် ရပ်တည်လျှက်ရှိပါသည်။
ဓမရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်ကြီးကို မိုးကုတ်မြို့အှေ့ပိုင်းနှင့် အှေ့တောင်ဖက် တောင်စောင်းတွင် (၃) ဧကခန့်ရှိသော မြေပေါ် တည်ရှိပါသည်။

 
၄။ သာသနိက အဆောက်အဦးများ
တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ သာသနိက အဆောက်အဦးများမှာ-
(က) လေးထပ်သစာဉာဏ်ရောင်ဓမဗိမာန်တော်
(ခ ) ဝိသုံဂါမဥပရိပါသာဒ အာကာသသိမ်တော်
(ဂ ) ဝိနယရံသီသိမ်တော်
(ဃ) ဓမစာရီအမျိုးသမီးယောဂီဆောင် အမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၃)
(င ) ဓမအလင်းစာကြည့်တိုက်
(စ ) ဓမမာမကယောဂီဆောင်
(ဆ) အာဟာရဘောဇန ၂ ထပ်ဆောင်
(ဇ ) အမှုဆောင် ရုံးခန်း၊ ကုလရကိတရုံးခန်း၊ နိဗဒရုံးခန်း ၊ နိဗဒစာအရောင်းခန်းမ
(ဈ ) လေးထပ်အာဟာရဘောဇန ဆွမ်းစားကျောင်းဆောင်တော်ကြီးနှင့်
(ည) ဓမစာရီအင်္ဂလန်ယောဂီဆောင် အပါအဝင် ဆက်လက်တည်ဆောက်မည့် သာသနိက အဆောက်အဦးအများလည်း များစွာကျန်ရှိနေပါသေးသည်။

 
၅။ သာသနာပြု အမှုဆောင်အဖွဲ့များနှင့် လုပ်ငန်းတာဝန်များ
လက်ရှိသာသနာပြု အမှုဆောင်အဖွဲ့များနှင့် လုပ်ငန်းတာဝန်များမှာ
(က) ဓမရံသီသာသနနုဂဟ အဖွဲ့ –
အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၂၀၂) ဦး
(ခ ) နိဗဒကုသလဒါန သာသနာ့ပစယာနုဂဟအသင်းထောက် အဖွဲ့ –
အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၂၈၀) ဦး
(ဂ ) ဓမရံသီကုလရကိတယဉ်ကျေးလိမာအဖွဲ့
ယဉ်ကျေးလိမာ ဆရာ^မ ဦးရေ (၂၅၀) ဦး
(ဃ) ပုညသမာရ လူငယ်ဘုံဆွမ်းလောင်းအသင်း
အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၁၀၀) ကျော်

 
ဓမ္မရံသီသာသနာ့နုဂ္ဂဟ ပင်မဝေယျာဝစ္စအဖွဲ့
(၁) ဓမ္မရံသီသာသနာ့နုဂဟ ပင်မဝေယျာဝစအဖွဲ့ဝင်များသည် ဓမရံသီနာယကချုပ်ဆရာတော် ဘုရားကြီး၏ သြဝါဒလမ်းညွှန်မှုအောက်တွင် ဓမရံသီသာသနာပြုလုပ်ငန်းများကို ကိုယ်အား၊ ဏ်အား၊ ဝီရိယအားများဖြင့် ဆရာဒကာလက်တွဲညီစွာ ဗုဒသာသနာတော်မြတ်ကြီး နေရောင်လရောင်ပမာ ထာဝရထွန်းလင်းတည်တံ့နိုင်စေရန်အတွက် ကျရာအခန်းကဏ္ဍမှနေ ဝမ်းမြောက်ဝမ်းသာ တာဝန်ယူဆောင်ရွက်ကြမည့် ဓမရံသီသာဝက ဓမရံသီမိသားစုဝင်များ ဖြစ်ကြပါသည်။

 
နိဗဒ္ဒကုသလဒါန သာသနာ့ပစ္စယာနုဂ္ဂဟအသင်း
(၂) မိုးကုတ်မြို့ နိဗဒကုသလဒါန သာသနာ့ပစယာနုဂဟအသင်းကြီးကို သာသနာနှစ် (၂၅၅၄) ခုနှစ်၊ ကောဇာသကရာဇ် ၁၃၇၂ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း (၁၀) ရက် (၂၁.၇.၂၀၁၁) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။
ဝါတွင်းကာလ ဝိပနာတရားစခန်းများ ဖွင့်လှစ်နိုင်ရန်၊ သာသနိက အဆောက်အဦးများ တိုးတက်တည်ဆောက်နိုင်ရန်၊ ယဉ်ကျေးလိမာသင်တန်းများ ဖွင့်လှစ်နိုင်ရန်၊ ဓမရံသီပရိယတိ သာသနာတော်မြတ်ကြီးကို ထောက်ပံ့ကူညီနိုင်ရန်အတွက် နိဗဒအသင်းထောက် အမျိုးသား၊ အမျိုးသမီး အသင်းထောက် စုစုပေါင်း (၂၈၀) ဦးနှင့် အသင်းဝင်အလှူရှင်ပေါင်း (၅၀၀၀) ဝန်းကျင် တို့မှ တစ်လတစ်ကြိမ် တတ်စွမ်းသမျှ ပါဝင်လှူဒါန်းလျက်ရှိရာ တစ်လလျှင် အလှူငွေမှာ သိန်း(၆၀)ခန့် အလှူခံရရှိပါသည်။ ၎င်းအလှူခံရှိငွေများအား ဓမရံသီနာယကချုပ်ဆရာတော်ဘုရား၏ သြဝါဒ လမ်းညွန်မှုဖြင့် မြတ်ဗုဒသာသနာတော်မြတ်ကြီး အရှည်ခန့်တည်တံ့နိုင်ရန်အတွက် လိုအပ်သည့် နေရာများ ထောက်ပံ့လှူဒါန်းလျက်ရှိပါသည်။
ဓမရံသီ မိုးကုတ်နိဗဒကုသလဒါန သာသနာ့ပစယာနုဂဟအသင်းကြီး၏ နှစ်ပတ်လည် အလှူငွေပေါင်းချုပ် စုပေါင်းရေစက်ချ အလှူတော်မင်္ဂလာကြီးကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်လျက် ရှိပါသည်။

 
ဓမ္မရံသီကုလရကိတ ယဉ်ကျေးလိမ္မာအဖွဲ့
(ဂ) အနာဂါတ်မျိုးဆက်သစ် လူငယ်မောင်မယ်များအား နှလုံးသားဝယ် မြတ်ဗုဒ၏အဆုံးအမများ ကိန်းဝပ်စေရန် အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်တတ်စေရန်၊ ကာယဗလ၊ ဏဗလ၊ စာရိတိဗလ၊ မိတဗလ၊ ဘောဂဗလ ဗလငါးတန် ဖွံ့ဖြိုးလာစေရန်၊ ဘာသာသာသနာနှင့် နိုင်ငံတော်အတွက် အားကိုးအားထား ပြုထိုက်သော၊ လိမာယဉ်ကျေးသော၊ ထူးချွန်ထက်မြတ်သော လူငယ်များဖြစ်လာစေရန်အတွက် ဓမရံသီကုလရကိတ ယဉ်ကျေးလိမာအဖွဲ့ကို သာသနာနှစ် ၂၅၅၅ ခုနှစ်၊ ကောဇာသကရာဇ် ၁၃၇၃ ခုနှစ်၊ တပေါင်းလဆန်း (၈) ရက် (၂၉.၂.၂၀၁၁) နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။
ဓမရံသီအဓိပတိနာယကချုပ်ဆရာတော်ဘုရား၏ သြဝါဒလမ်းညွှန်မှုနှင့်အညီ ဓမရံသီ ကုလရကိတ ယဉ်ကျေးလိမာအဖွဲ့မှ နွေရာသီယဉ်ကျေးလိမာသင်တန်းများ၊ တနင်္ဂနွေ ယဉ်ကျေးလိမာ သင်တန်းများ၊ လူငယ် (၁၀) ရက်တရားစခန်းပွဲများ၊ အစိုးရစာသင် ကျောင်းများနှင့် ကိုယ်ပိုင် အထက်တန်းကျောင်းများတွင် စာရိတပညာမြင့်မားရေးအထောက်အကူပြု ဟောပြောပွဲများ၊ တောင်ပေါ်ဒေသ တိုင်းရင်းသားကျေးရွာ အစိုးရစာသင်ကျောင်းများတွင် စာရိတပညာမြင့်မားရေး အထောက်အကူပြု အပတ်စဉ်လှည့်လည် သင်ကြားရေးလုပ်ငန်းများ၊ ဗုဒဝင်ပြိုင်ပွဲများ၊ လူငယ်စာပေဆွေးနွေးပွဲများ၊ ယဉ်ကျေးလိမာနည်းပြ ဆရာဖြစ်သင်တန်းများ၊ သံဃာတော်များနှင့် ဆရာ^ဆရာမများအတွက် ခေါင်းဆောင်မှုနှင့်စီမံခန့်ခွဲမှု သင်တန်းများ၊ အမြင်ဖွင့်သင်တန်းများ၊ အဘိဓမာသင်တန်းများ၊ သင်ရိုးမိတ်ဆက်သင်တန်းများကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။
မိုးကုတ်မြို့နယ်အတွင်း ကုလရကိတယဉ်ကျေးလိမာသင်တန်း ဌာနခွဲပေါင်း (၃၃) ခု ဖွင့်လှစ် ထားပြီး သင်တန်းမှူးဆရာတော်များနှင့် သင်ကြားရေး ဆရာ^မ ပေါင်း (၂၅၀) ဦးတို့ဖြင့် သင်ကြားပို့ချလျက် ရှိပါသည်။
ထူးခြားမှုတစ်ခုအနေဖြင့် ဓမရံသီကုလရကိတ ယဉ်ကျေးလိမာအဖွဲ့ ဖွဲ့စည်းပြီး ၂-နှစ် အကြာတွင် ဓမရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်ကြီး ပထမဆုံးအနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ယဉ်ကျေးလိမာပြန့်ပွားရေးအဖွဲ့ ညီလာခံကြီးကို ခန်းနားထည်ဝါစွာ ကျင်းပနိုင်ခဲ့သည်မှာလည်း သမိုင်းဝင်မှတ်တမ်းတစ်ခု ဖြစ်ခဲ့ပါသည်။

 
ပုညသမာရ လူငယ်ဘုံဆွမ်းလောင်းအသင်း
(ဃ) ဓမရံသီအဓိပတိနာယကချုပ်ဆရာတော်ဘုရား၏ သြဝါဒလမ်းညွှန်မှုဖြင့် ဓမရံသီဝေယျာဝစ လူငယ်မောင်မယ်များမှ ခေါင်းဆောင်မှုပြုကာ သံဃာတော်အှင်မြတ်များ သာသနာပြုလုပ်းငန်းများ ဆောင်ွက်ရာတွင် လွယ်ကူချမ်းသာနိုင်ရေးအတွက် ပုညသမာရလူငယ်ဘုံဆွမ်းလောင်းအသင်းကို သာသနာတော်နှစ် ၂၅၅၂ ခုနှစ်၊ ကောဇာသကရာဇ် ၁၃၇၀ ခုနှစ်၊ သီတင်းကျွတ်လဆန်း (၁) ရက် (၃၀.၉.၂၀၀၈) ခုနှစ် အင်္ဂါနေ့တွင် ဖွဲ့စည်းခဲ့ပါသည်။
ဝါတွင်းသုံးလ အပတ်စဉ်အဖိတ်နေ့တိုင်းတွင် အရပ်လေးမျက်နှာမှ <ကရောက်လာကြသော သံဃာတော် အပါး (၄၀၀) ကျော်တို့အား အရုံဆွမ်းဖြင့် ပြည့်စုံစေရန်အလို့ငှါ အလှူရှင်အသီးသီးတို့မှ လှူဒါန်းအပ်သော ဆွမ်းနှင့်တကွလှူဒါန်းဖွယ်ရာများကို အပ်စပ်သောနည်းဖြင့် လောင်းလှူပေးလျက် ရှိပါသည်။ သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ နံနက်အရုံတက်ချိန်တွင် နှစ်စဉ်နှစ်တိုင်း သံဃာတော်အရှင်သူမြတ်တို့အား အရုံဆွမ်းနှင့်တကွ လှူဖွယ်ဝတု ပစည်းအစုံတို့ကိုလည်း စာရေးတံမဲစနစ်ဖြင့် လှူဒါန်းခဲ့သည်မှာ (၁၀) ကြိမ်တိုင်အောင်မြင်ခဲ့ပြီ ဖြစ်ပါသည်။ ပုညသမာရလူငယ်ဘုံဆွမ်းလောင်းအသင်း စတင်တည်ထောင်ခဲ့သည့်အချိန်မှစ ယနေ့အချိန်အထိ အကြိမ်ပေါင်း (၁၃၀) ကျော်၊ အလှူငွေစုစုပေါင်း သိန်းပေါင်း (၁၀၀၀) ကျော် လှူဒါန်းနိုင်ခဲ့ပြီး ဖြစ်ပါသည်။

 
ဆောင်ရွက်ပြီး သာသနာပြုလုပ်ငန်းများ
(က) သင်္ကြန်တွင်း စုပေါင်းဒုလဘရဟန်းခံ ရှင်ပြုပွဲနှင့် (၁၀) ရက် အထူးတရားစခန်းများ – (၂၆) ကြိမ်
(ခ ) ဝါတွင်းကာလ တစ်လလျှင် (၂) ကြိမ် (၁၀) ရက် အထူးတရားစခန်း – (၁၂၃) ကြိမ်
(ဂ ) ဓမရံသီကုလရကိတယဉ်ကျေးလိမာသင်တန်းများ ဖွင့်လှစ်သင်ကြားခြင်းနှင့်
(ဃ) ဓမရံသီကုလရကိတယဉ်ကျေးလိမာ(၁၀)ရက် လူငယ်အထူးတရားစခန်း – (၄) ကြိမ်
(င ) သံဃာတော်များအား အုဏ်ဆွမ်း ဘုံဆွမ်းလောင်း အကြိမ်ပေါင်း (၁၃၀) ကျော်

 
နိဂုံးချုပ်
ကြွရောက်တော်မူလာကြသော ဧည့်သည်တော်များနှင့် ဓမရံသီသာဝက ဓမ္မရံမိသားစု အပေါင်း တို့ခင်များ . .
ခေါင်းစဉ်များ ဘယ်လိုပင်ကွဲပြားနေပါစေ ဓမရံသီဆိုသော ခေါင်းစဉ်အောက်တွင် ရည်ရွယ်ချက်မှန်မှန်၊ ဦးတည်ချက်မှန်မှန်ဖြင့် ဓမရံသီအဓိပတိနာယကချုပ်ဆရာတော်ဘုရား၏ လမ်းညွန်ချက်နှင့်အညီ ဓမရံသီသာသနာပြုလုပ်ငန်းစဉ်များတွင် တက်ညီလက်ညီ ပါဝင်ဆောင်ရွက်ကြပါစို့ ၊ ပါဝင် ဆောင်ရွက်သွားနိုင်ကြပါစေလို့ ဆုတောင်းပတနာပြုရင်း မိုးကုတ်မြို့၊ ဓမရံသီမိုးကုတ် ရိပ်သာကျောင်းတိုက်ကြီး၏ သာသနာပြုဆောက်ရွက်ချက်လုပ်ငန်းများနှင့် အသင်းအဖွဲ့များ၏ ဖွဲ့စည်းပုံ လုပ်ငန်းစဉ်တင်ပြမှုကို မျှဖြင့် နိဂုံးကမတ် အဆုံးသတ်အပ်ပါ သတည်း။