ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ သာယာကုန်းအုပ်စု၊ ပဒဲကောကျေးရွာ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ( ၁/၁ ) ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက် ဖြစ်ပေါ်လာပုံနှင့် လုပ်ငန်းပိုင်းဆိုင်ရာ စီစဉ်ဆောင်ရွက်ထားရှိမှု အစီရင်ခံစာ
၁။ ရန်ကုန် (ဓမ္မရံသီ) သန္ဓေတည်စ ခါသမယစတင်ဖြစ်ပေါ်လာပုံ
၂၀၀၁-ခုနှစ်မှစ ၂၀၁၈ ခုနှစ်တိုင်အောင် ရန်ကုန်မြို့မှ တပည့်ဒါယကာများသည် မိုးကုတ်မြို့ှဓမ္မရံသီမိုးကုတ်ရိပ်သာကြီးသို့ တရားစခန်းဝင်ရောက်ခဲ့ပါသည်။ ရန်ကုန်မြို့တွင်လည်း ဤကဲ့သို့သော သာသနာပြုဌာနကြီးတစ်ခု ရှိသင့်သည်ဟု လျှောက်ထားခဲ့ရာမှ စတင်ကာ သသန္ဓေတည်ခဲ့သည်။ (၂၃.၁.၂၀၀၃ မှ ၁.၂.၂၀၀၃) ထိ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတိဂုံစေတီတော် ပရဝုဏ်အတွင်း တည်ထားအပ်သည့် “မင်္ဂလာဈေးဓမ္မဗိမာန်တော်ကြီး” တွင် လက်ရှိဒုတိယဥက္ကဋ္ဌကြီး ဦးဝင်းနိုင်က ဦးဆောင်ကာ ဓမရံသီမိုးကုတ်ဝိပနာ သစာဓမ္မသဘင် (၁၀)ရက် မီးငြိမ်းတရား စခန်းပွဲကြီးကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီး “ဓမ္မရံသီသစ္စာအောင်ပွဲ” အဖြစ် ကဗည်းတင်နိုင်ခဲ့ကြပါသည်။
၂။ ပြန့်ပြောဝေစည် ဓမ္မရံသီ သစာဓမ္မသဘင်
ထိုတရားစခန်းပွဲမှစ ဓမ္မရံသီနာယကချုပ်ဆရာတော်ဘုရား၏ “သစ္စာဓမ္မသဘင်” တရားပွဲများ ရန်ကုန်မြို့ နေရာဒေသအနှံ့ ပျံ့နှံ့ခဲ့သည်။ (၂၀၀၇-ခုနှစ်၊ နိုဝင်ဘာလ၊ ၆-ရက်မှ ၁၅-ရက်အထိ) ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အမှတ်(၈၂)၊ နတ်မောက်လမ်း “မိုးကုတ်ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေးအဖွဲ့ချုပ်” ဓမ္မရိပ်သာကြီး (၁၀)ရက် တရားစခန်းဖြင့် ဓမ္မရံသီနာယကချုပ်ဆရာတော်မှ ဟောကြားချီးမြင့်ခဲ့ပါသည်။
(၂၀၀၇-၂၀၀၈-၂၀၀၉) သုံးနှစ်ဆက်တိုက်။
၃။ တိုးတက်ဝေစည် ဓမ္မရံသီ
(၂၀၁၀-ခုနှစ်မှ စတင် ၂၀၁၄-ခုနှစ်) တိုင်အောင် (၅) နှစ်ဆက်တိုက် ရန်ကုန်တိုင်း ဒေသကြီး၊ အလုံမြို့နယ်၊ မဟာဓမ္မိကာရာမအောင်မြေကျောင်းတိုက် (၁၀) ရက်တရားစခန်းများ ဖွင့်လှစ်ခြင်း၊ ရွှေတိဂုံဘုရားခြေတော်ရင်း ဝပ်ဆင်းလျက် ပခုက္ကူဓမ္မာရုံ (၇) ရက်မီးငြိမ်းတရားစခန်းများဖွင့်လှစ်ခြင်း အစရှိသဖြင့် “ရန်ကုန်ဓမ္မရံသီမိုးကုတ်ရိပ်သာကြီး” ဖြစ်ပေါ်လာနိုင်ရေးအတွက် အချိန်၊ ကာယ၊ ဉာဏ၊ ဆရာ၊ ဒကာ အားမွေးခဲ့ကြရပါသည်။
၄။ ဓမ္မရံသီသာသနာမြေ ဖွေရှာစုစည်း သတ်မှတ်ခြင်း
၂၀၁၀-ခုနှစ်မှစတင် “ရန်ကုန်ဓမ္မရံသီမိုးကုတ်ရိပ်သာကြီး” ဖြစ်ပေါ်လာရေးအတွက် သာသနာပြုရာ မြေမြတ်မဟာကိုရှာဖွေလာခဲ့သည်။ ၂၀၁၄-ခုနှစ်၊ (၁၁) လပိုင်း လက်ရှိဥက္ကဋ္ဌကြီး ဦးနိုင်ဦး၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းနိုင်၊ နာယကကြီး ဦးနိုင်ဝင်း၊ ဦးသန်းမောင်၊ ဦးသိန်းအောင် အစရှိသာ အမှုဆောင်လူကြီးများနှင့်တိုင်ပင်ကာ “ဓမ္မရံသီမိုးကုတ်ရိပ်သာ ဖြစ်မြောက်ရေးအဖွဲ့”ကို ရသမ ျှအင်အားဖြင့် စတင်ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းခဲ့ကြသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရား ခြေတော်ရင်းရှိ “ဓမ္မရံသီတို့၏ဘူမိနက်သန်ဖြစ်သော မဟာအောင်မြေဘုံစံကျောင်းတိုက်” အတွင်း ပထမအကြိမ် “ရန်ကုန်ဓမ္မရံသီမိုးကုတ် ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းပြန့်ပွားရေး သာသနနုဂဟ အဖွဲ့” ကို အင်အား (၃၀) ယောက်တို့ဖြင့် စတင်ဖွဲ့စည်းခဲ့ကြသည်။ ထို့နောက် သာသနာပြုရန်မြေ ဝယ်ယူရှိနိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြပြီး ၎င်းအစည်းအဝေးမှပင် စတင်သန္ဓေတည်ကာ ရှေည်ဓမ္မသဘင်ကျင်းပရာ ဌာနတစ်နေရာရှိရေး တိုင်ပင်ဆုံးဖြတ်ခဲ့ကြသည်။
ဓမ္မရံသီနာယကကြီးဖြစ်သော သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာတော် ထွန်းကားပြန့်ပွားရေးဌာန ညွှန်ကြားရေးမှူးချုပ် (အမြဲတန်းအတွင်းဝန်-ငြိမ်း) ဦးခိုင်အောင်၏ ပံ့ပိုးကူညီစောင့်ှောက်မှုဖြင့် (၂၀၁၅-ခုနှစ်၊ ဇန်နဝါရီလ) မှစ ယနေ့တိုင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ တံတားလေးလမ်းဝ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန “ဇမ္မူသီရိ ဓမ္မဗိမာန်တော်ကြီး” လစဉ် လတိုင်း (၅) ရက် မီးငြိမ်းတရားစခန်းများ ကျင်းပလာနိုင်ခဲ့သည်။ ထိုသို့ကျင်းပ လာနိုင်ခြင်းကြောင့် သာသနာပြုဒကါဒကါမများ တိုးပွားသည်ထက် တိုးပွားလာခဲ့သည်။ (၂၀၁၅-ခုနှစ်၊ မတ်လ (၆)ရက်) နေ့တွင် လက်ရှိသာသနာမြေ၏ မူလပိုင်ရှင်ဖြစ်သူ ဦးဝင်းတင်နှင့် ပဏာမ ကတိကဝတ်ပြု စာချွန်လွှာများ ပေးအပ်အတည်ပြုခဲ့ကြပါသည်။
ယခုလက်ရှိ “ရန်ကုန်ဓမ္မရံသီမိုးကုတ်ရိပ်သာ”၏ တည်နေရာမှာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့နယ်၊ သာယာကုန်းအုပ်စု၊ ပဒဲကောကျေးရွာ၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေး မိုင်တိုင်အမှတ် (၁/၁)တွင် ဖြစ်ပြီး အဝေးပြေးလမ်းမကြီး လမ်းလယ်ကျွန်းနှင့် ပေ (၂၅၀) အကွာတွင် တည်ရှိပါသည်။ အကျယ်အဝန်းမှာ (၁၄.ဝ) ဧကဖြစ်ပါသည်။ (၂၀၁၆-ခုနှစ်၊ ဧပြီလ၊ ၂၅-ရက်နေ့တွင် အပြီးသတ် စာချုပ်စာတန်းများပြုလုပ်ပြီး တန်ဖိုး ကျပ်သိန်းပေါင်း (၅၀၀၀) ဖြင့် ရတနာရွှေအိုးကြီး ရင်းနှီးမြုပ်နှံခဲ့ကြပါသည်။
၅။ အခွန်လွတ် သာသနာမြေ ရှိရေး ဝိုင်းဝန်းပေး
အကျယ်အဝန်း (၁၄.ဝ) ဧကရှိ မြေပေါ်တွင် သာသနာပြုလုပ်ငန်း ဆောင်ရွက်ရန် လျာထားချက်နှင့်အတူ စာချုပ်မချုပ်မီကာလအတွင်းနှင့် စာချုပ်ချုပ်ပြီးကာလ သာသနာ့မြေရရှိရေး၊ သာသနိက အဆောက်အဦများ တည်ဆောက်ခွင့်ရှိရေး၊ အဝေးပြေးလမ်းမကြီးမှ စက်ယနရားများ ဖြတ်သန်းသွားလာခွင့်ရှိရေး စသောခက်ခဲလှသည့်လုပ်ငန်းကြီးများကို မညည်းမညူ မပင်မပမ်း၊ မညှိုးမနွမ်းဘဲ စိတ်ဇောစေတနာဖြူစင်စွာဖြင့် ဆောင်ရွက်ပေးပါသော ပြည်ထောင်စုသမတ္တ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်အစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (အမြဲတန်းအတွင်းဝန်) ဓမ္မရံသီ ဂုဏ်ထူးဆောင် နာယကကြီး ဦးတင်မြင့်၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ ရန်ကုန်ဓမ္မရံသီရိပ်သာကြီး၏ ဥကဋ္ဌကြီး ဦးနိုင်ဦး (အဂမဟာသီရိသုဓမ္မမဏိဇောတဓရ)၏ လုံ့လဝီရိယအားစိုက်မှု၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စေတနာ၊ မေတ္တာ၊ သဒါတရားပေါင်းစပ်မှုနှင့်အတူ ဝိုင်းဝန်းကြိုးစားမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ (၂၀၁၇-ခုနှစ်၊ အောက်တိုဘာလ၊ ၁၁-ရက်) နေ့စွဲဖြင့် မြေလွတ် မြေလပ်အား သာသနာ့မြေအဖြစ် အသိအမှတ်ပြုပေးနိုင်ပါရန် နိုင်ငံတော်သို့ တင်သွင်းပေးခဲ့ ပါသည်။ နိုင်ငံတော်မှ ၂၀၁၈-ခုနှစ်၊ သြဂုတ်လ၊ ၁၇-ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ (၂၀၁၈-ခုနှစ်၊ သြဂုတ်လ၊ ၂၃-ရက်) နေ့စွဲဖြင့် “အခွန်လွတ် သာသနာမြေ” အဖြစ် တရားဝင် ပြဋ္ဌာန်းကြေညာချက် ထုတ်ပြန်ပေးခဲ့ပါသည်။
၆။ ဒုတိယအကြိမ် သာသနာပြုပုဂိုလ်များ ထပ်မံဖြည့်စွက် ဖွဲ့စည်းခြင်း
ရန်ကုန်ဓမ္မရံသီမိုးကုတ်ရိပ်သာ လျင်မြန်စွာပေါ်ပေါက်လာရေးနှင့် သာသနာပြုလုပ်ငန်းများ အရှိန်အဟုန် တိုးမြင့်ဆောင်ရွက်နိုင်ပါစေခြင်းအကျိုးငှာ ရည်မျှော် (၂၀၁၆-ခုနှစ်၊ သြဂုတ်လ၊ ၄-ရက်)ေ န့၊ မွန်းလွဲ (၁) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ တံတားလေး လမ်းဝ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန “ဇမ္မူသီရိ ဓမ္မဗိမာန်တော်ကြီး” အလယ်ထပ် ပထမအကြိမ် ဖွဲ့စည်းပုံကို အရင်းတည် သံဃာ့သြဝါဒခံ ဓမ္မရံသီသာသနနုဂ္ဂဟ ပင်မဝေယျာဝစ္စအဖွဲ့ဝင် (၆၂) ဦးတို့ဖြင့် ထပ်မံအားဖြည့် ဖွဲ့စည်း နိုင်ခဲ့ပါ သည်။ ဓမ္မရံသီနိဗ္ဗဒကုသလ္လဒါန သာသနပစ္စယာနုဂ္ဂဟ (လစဉ်) ပစ္စည်းလေးပါး ထောက်ပံ့ရေး အလှူတော်အသင်းကြီးကို အကျိုးတော်ဆောင်အသင်းထောက်၊ အမျိုးသား (၄၄) ဦး၊ အမျိုးသမီး (၂၅၂) ဦး၊ စုစုပေါင်း (၂၉၆) ဦးတို့ဖြင့် ဖွဲ့စည်းနိုင်ခဲ့သည်။ သာသနာပြုလုပ်ငန်းများကို မိုးရွာနေပူမရှောင် ဇွဲသန်သန်ဖြင့် ဆောင်ရွက်လာခဲ့ရာ နိဗ္ဗဒကုသလ္လ္ဒဒါနအသင်းဝင် မြို့နယ် ဌာနခွဲပေါင်း (၂၂) ဌာနမှ အလှူရှင်ပေါင်း (၅၉၄၈) ဦးထိ တိုးပွားလာခဲ့ပါသည်။ (၂၀၁၆-ခုနှစ်၊ သြဂုတ်လမှစ ယနေ့ ၂၀၁၈-ခုနှစ်၊ ဒီဇင်ဘာလအထိ) ၂၈ – လတာအတွင်း အလှူတော်ငွေ စုစုပေါင်း ကျပ်သိန်းပေါင်း လေးထောင်ကျော် ရတနာရွှေအိုးကြီး ရင်းနှီးမြုပ်နှံနိုင်ခဲ့ပါသည်။
၇။ ထည်ဝါခန့်ညား သာသနိကဆိုင်ရာ အဆောက်အဦများ
(၂၀၁၆) ခုနှစ်၊ ၄-လပိုင်း မြေစာချုပ် ချုပ်ဆိုပြီးနောက် ရေနက်ကွင်းဖြစ်နေသော နေရာသည် အဝေးပြေးလမ်းမှ ဓမ္မရံသီသာသနာ့မြေ တြိဂံအစွန်းထိ (၁၁) ပေ နိမ့်ကျနေပေ သည်။ ထို့ကြောင့် တစ်ဝါတွင်းလုံး ရေပြင်ကြီးကိုသာ ထိုင်ရှုနေခဲ့ရသည်။ ၂၀၁၇-ခုနှစ်၊ ဇနဝါရီလ၊ ၅-ရက်မှ မေလ၊ ၅-ရက်နေ့ထိ (၅) လ တိုင်တိုင် မြေကြီးကျင်းပေါင်း (၂၇၀၀၀) ဖြည့်ခဲ့ရပြီး၊ ငွေကြေးပမာဏ ကျပ်သိန်းပေါင်း (၃၀၀၀) သုံးထောင်ကျော်ထိ ရင်းနှီးမြုပ်နှံခဲ့ရပါသည်။
ဒုတိယနှစ် သီတင်းဝါလကျွတ်သည့်ထိ နှစ်ဝါတိုင်တိုင် ရေပြင်ကြီးကိုသာ ဆက်ရှုနေခဲ့ရပြီး ၂၀၁၇-ခုနှစ်၊ နိုဝင်ဘာလ၊ စတုတ္တအပတ်မှစ ဆွမ်းစားကျောင်းအပါအဝင် ယခုမြင်တွေ့ နေရသည့် အဆောက်အဦများအား တည်ဆောက်ရေးကာလ တစ်နှစ်နှင့် တစ်လအတွင်း ကျပ်သိန်းပေါင်း (၅၀၀၀၀) ငါးသောင်းကျော် ရတနာရွှေအိုးကြီး ရင်းနှီးမြုပ်နှံ နိုင်ခဲ့ပြီးဖြစ်ပါသည်။
၈။ စတင်လှုပ်ရှား သာသနာပြုအစီအစဉ်များ
ယခု (၂၀၁၈-ခုနှစ်၊ ဒီဇင်ဘာလ၊ ၃၀-ရက်မှ ၂၀၁၉-ခုနှစ်၊ ဇန်နဝါရီလ၊ ၈-ရက်နေ့) ထိ (၁၀) ရက် တရားစခန်းပွဲကြီးကို ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်ကြီးအတွင်း ပထမဆုံးသော သစ္စာဓမ္မသဘင်နှင့် တရားစခန်းဝင်ကြမည့် ယောဂီ (၆၀၀) ဖြင့် စတင်လက်ခံကာ စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လစဉ်လတိုင်း တစ်လတစ်ကြိမ် သစ္စာဓမ္မသဘင်နှင့် တရားစခန်းပွဲများ ကျင်းပပြုလုပ်သွားမှာလည်း ဖြစ်ပါသည်။
၂၀၁၈-ခုနှစ်၊ မတ်လ၊ ၂၅-ရက်မှ ဧပြီလ၊ ၃-ရက်နေ့အထိ ပထမအကြိမ် “ဓမ္မရံသီ ကုလရက္ခိတ စာရိတ္တမြင့်တင်ရေး လူငယ်အထူးတရားစခန်းပွဲကြီး” ကိုလည်း အသက် (၁၆) နှစ်မှ (၃၀) နှစ်အတွင်း သတ်မှတ်ကာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ပါသည်။
၉။ နိဂုံးကမတ်အပြီးသတ်
ဆက်လက်ပြီး စဉ်ဆက်မပျက် သစာဓမ္မသဘင်များ၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများ စနစ်တကျသင်ကြားပို့ချ သာသနာပြုသွားမည်ဖြစ်ပါကြောင်း အစီရင်ခံတင်ပြ အပ်ပါသည်။ မြန်မာပြည်အရပ်ရပ်မှ “ဓမ္မရံသီမိသားစုများတွေ့ဆုံပွဲ”သို့ ကြွရာက် လာကြကုန်သော ဓမ္မရံသီမိသားစုများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပြီး ညီညွတ်သောအင်အားဖြင့် မြတ်ဗုဒ္ဓရှင်တော်ဘုရား၏ သာသနာတော်ကြီးကို စောင့်ရှောက်နိုင်ကြပါစေဟု ဆန္ဒပြုဆုတောင်းမေတ္တာပို့သရင်း တပည့်တော်၏ “ရန်ကုန်ဓမ္မရံသီ မိုးကုတ်ရိပ်သာကျောင်းတိုက်ကြီး” ဖြစ်ပေါ်လာပုံနှင့် သာသနာရေး၊ ဘာသာရေးဆိုင်ရာ အစီရင်ခံရှင်းလင်းတင်ပြမှုအား နိဂုံးချုပ်အပ်ပါသည်ခင်ဗျား…။
( အားလုံးကို ကျေးဇူးတင်ပါသည် )