သံဃာ့သြဝါဒခံ ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက် (မုံရွာမြို့) ၏ ဖွဲ့စည်းပုံ နှင့် လုပ်ငန်းစဉ် ဆောင်ရွက်မှု အစီရင်ခံစာ
၁။ နိဒါန်း
ဓမ္မရံသီ ဆရာတော်ဘုရားကြီး၏ စီစဉ်ညွှန်ကြားမှု သြဝါဒကို ခံယူလျှက် မြတ်ဗုဒ္ဓ၏ သာသနာတော် သုံးရပ် တိုးတက် စည်ပင် ထွန်းကားနိုင်ရေးကို ရှေးရှုဆောင်ရွက်လျှက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ သံဃာ့သြဝါဒခံ ဓမ္မရံသီ မိုးကုတ်ရိပ်သာကျောင်းတိုက်ကြီး ဖြစ်ပေါ် လာမှုနှင့် လုပ်ငန်းစဉ် အရပ်ရပ်တို့အား အစီရင်ခံ တင်ပြအပ်ပါသည်။
၂။ ရည်ရွယ်ချက်များ
မုံရွာမြို့၊ ဓမ္မရံသီ မိုးကုတ်ရိပ်သာ ကျောင်းတိုက်ကြီးအား အောက်ပါရည်ရွယ်ချက်များဖြင့် တည် ထောင် ဖွဲ့စည်းခဲ့ပါသည်။
(က) ချင်းတွင်းဒေသလုံးဆိုင်ရာ တိုင်းဒေသကြီး နှင့် လျော်ညီသော ကြီးမားထည်ဝါ ခန့်ငြားသည့် ရိပ်သာကြီး တစ်ခု ဖြစ်ပေါ်လာစေရန်။
(ခ) ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ မိုးကုတ် ဝိပဿနာ သစ္စာတရားတော်များ ထွန်းကား ပြန့်ပွားစေရန်။
(ဂ) ဝါတွင်းကာလ တရားစခန်းများ နှစ်စဉ် ကျင်းပနိုင်ရန်။
(ဃ) သင်္ကြန်တွင်း စုပေါင်း ဒုလ္လဘရဟန်းခံပွဲ နှင့် တရားစခန်းများ နှစ်စဉ် ကျင်းပနိုင်ရန်
(င) မိဘနှစ်ပါးအား ကျေးဇူးဆပ်ခြင်း အထိမ်းအမှတ်အဖြစ် (အမေနေ့) စုပေါင်း ဒုလ္လဘ ရဟန်းခံပွဲနှင့် တရားစခန်းများ နှစ်စဉ် ကျင်းပနိုင်ရန်။
(စ) လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာစေရေးအတွက် ကုလရက္ခိတ ယဉ်ကျေးလိမ္မာ သင်တန်းများ လစဉ် ဖွင့်လှစ်နိုင်ရန်။
၃။ တည်နေရာနှင့် အကျယ်အဝန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်၊ အနော်ရထာလမ်းတွင် တည်ရှိပြီး ဧရိယာ (၁၃.၇၃)ဧက ကျယ်ဝန်းပြီး ၎င်းကွင်း၏ အမည်မှာ တရားဟော မန်ကျည်းပင်ကွင်းဟု ခေါ်တွင် ပါသည်။
၄။ ရိပ်သာကြီး ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း
ဓမ္မရံသီ ဆရာတော်ဘုရားကြီးသည် ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ (၈)ရက်နေ့တွင် မုံရွာမြို့သို့ ပထမဦးဆုံးအကြိမ်အဖြစ် ရောက်လာပြီး ဆုတောင်းပြည့်မြတ်စွာဘုရားကြီး၏ ရင်ပြင်တော်ရှိ ဘောဂရံသီ ဓမ္မာရုံအတွင်း ပဋိစ္စသမုပ္ပါဒ် သင်တန်းတရားများကို (၁၀)ညတိတိ ဟောကြားပို့ချပေးကာ မုံရွာမြို့သူ၊ မြို့သားများအား သစ္စာဓမ္မမျိုးစေ့ ချပေးခဲ့ပါသည်။ ဆက်လက်၍ ၂၀၀၄ ခုနှစ် တရားပွဲဖြစ်ေမြောက်ရေး အတွက် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ တရုတ်တန်းလမ်းနေ ဦးတင့်ဆွေ + ဒေါ်ချို ]တော်ဝင်} စက်နှင့် စက်ကိရိယာရောင်းဝယ်ရေး မိသားစုမှ တရားပွဲ ပင့်လျှောက်ပြီး မတည်အလှူရှင်အဖြစ် ဦးဆောင်ကာ မုံရွာမြို့ရှိ ဒကာ၊ ဒကာမများနှင့် စုပေါင်း၍ တရားပွဲများကို (၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆) သုံးနှစ်ဆက်တိုက် ဆောင်ရွက်ခဲ့ကြပါသည်။
ထို့နောက် ဆရာတော်ဘုရား၏ ဥပသကာများဖြစ်ကြသော ဦးတင့်ဆွေ၊ ဦးသိန်းဖေ၊ ဦးညွန့်တင်၊ ဦးကြည်ထွန်း၊ ဦးအောင်ဝင်း၊ ဦးဇော်လင်း၊ ဦးတင်ဝင်း၊ ဦးထွန်းထွန်းမင်း စသည့် ဥပဒကာ (၈)ဦးတို့သည် မိုးကုတ်မြို့၊ ဓမ္မရံသီ မိုးကုတ်ရိပ်သာကျောင်းတိုက်အတွင်း (၂၀၀၄)ခုနှစ်၊ ဧပြီလတွင် ကျင်းပသော (၁၁)ကြိမ်မြောက် သင်္ကြန်တွင်း စုပေါင်း ဒုလ္လဘရဟန်းခံ ရှင်ပြုပွဲနှင့် (၁၀)ရက်အထူး တရားစခန်းပွဲကြီးသို့ ဒုလ္လဘ ရဟန်းဝတ်ပြီး ဝိပဿနာတရားများကို စီးဖြန်းအားထုတ်ခဲ့ကြပါသည်။
၎င်းင်းဥပသကာအဖွဲ့၏ လျှောက်ထားမှုဖြစ် မုံရွာမြို့၌ ချင်းတွင်းဒေသလုံးဆိုင်ရာ ဓမ္မရံသီ မိုးကုတ်ရိပ်သာကြီး ကြီးမားထည်ဝါ ခန့်ငြားစွာ ဖြစ်ပေါ်လာရေးအတွက် ဆရာတော်ဘုရား၏ သြဝါဒ လမ်းညွှန်မှုနှင့်အညီ (၂၀၀၅)ခုနှစ်တွင် သာသနာ့မြေ ဖြစ်မြောက်ရေးအတွက် ဝယ်ယူခဲ့ကြပါသည်။ ထို့နောက် ဝိပဿနာတရားစခန်းပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရန်အတွက် ၂၀၀၆ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်နေ့တွင် တရားစခန်း အောင်ပွဲည ဆရာတော်ဘုရား၏ တရားပွဲအပြီး ည(၉)နာရီအချိန်တွင် ဒုတိယမြောက် ]ဓမ္မရံသီ သာသနနုဂ္ဂဟ ပင်မဝေယျာဝစ္စအဖွဲ့ကြီး}ကို ဓမ္မရိပ် ဓမ္မာရုံပေါ်တွင် စတင် ဖွဲ့စည်း တည်ထောင်နိုင်ခဲ့ပါသည်။
၅။ အဖွဲ့အစည်း၏ အဖွဲ့ဝင်များ
လက်ရှိအချိန်တွင် ဓမ္မရံသီ အဓိပတိနာယကချုပ် ဆရာတော်ဘုရားကြီး၏ သြဝါဒနှင့်အညီ သာသနာပြု လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသည့် အဖွဲ့ဝင်များမှာ –
(က) သာသနနုဂ္ဂဟ အဖွဲ့ဝင်များမှာ
– အမျိုးသား နှင့် အမျိုးသမီး စုစုပေါင်း = (၃၁) ဦး
(ခ) ပင်မဝေယျာဝစ္စ အဖွဲ့ဝင်များ
– အမျိုးသားနှင့်အမျိုးသမီး စုစုပေါင်း = (၄၀) ဦး
(ဂ) နိဗဒ္ဓ ကုသလဒါန အကျိုးတော်ဆောင်အဖွဲ့ဝင်များမှာ-
– အမျိုးသားနှင့်အမျိုးသမီး စုစုပေါင်း = (၁၉၉) ဦး
(ဃ) ကုလရက္ခိတ ယဉ်ကျေးလိမ္မာသင်တန်းအဖွဲ့ဝင်များမှာ-
– ဆရာနှင့်ဆရာမ စုစုပေါင်း = (၃၄) ဦး တို့ဖြင့် ဖွဲ့စည်းပြီး ဖြစ်ကြပါသည်။
၆။ အမေနေ့ အထိမ်းအမှတ် စုပေါင်း ဒုလ္လဘရဟန်းခံပွဲ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း
၁၃၇၂ ခုနှစ်၊ ပြာသိုလပြည့်နေ့၊ ၂၀၁၁ခုနှစ်၊ ဇန်နဝါရီလ၊ (၁၉)ရက် ဗုဒ္ဓဟူးနေ့တွင် ဝိနရရံသီ သိမ်ကျောင်းဆောင်၏ အလှူရှင်များ ဖြစ်ကြသော မုံရွာမြို့၊ တရုတ်တန်းလမ်းနေ ဦးတင့်ဆွေ + ဒေါ်ချို မိသားစုမှ သိမ်ကျောင်းဆောင် ရေစက်ချပွဲ နှင့် ပရိက္ခရာ (၈)ပါး အစုံ (၁၀၀) လှူဒါန်းပြီး ဒုလ္လဘရဟန်း (၁၀၀)၏ ရဟန်း ဒကာ၊ ရဟန်းဒကာမအဖြစ် ခံယူခဲ့ရာမှ စတင်ဖြစ်ပေါ်လာပြီး နောက်နှစ်များတွင် စုပေါင်း ဒုလ္လဘရဟန်းခံပွဲများ နှစ်စဉ် ကျင်းပခဲ့ရာ ယခုဆိုလျှင် ၂၀၁၁ မှ ၂၀၁၈ ထိ (၈)ကြိမ် မြောက် အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ပါသည်။
၇။ မုံရွာမြို့၊ ဓမ္မရံသီ မိုးကုတ်ရိပ်သာကျောင်းတိုက်ကြီး၏ သာသနာရေးဆိုင်ရာ ဆောင်ရွက်ချက်များ
(က) ဝါတွင်းပါပ တရားစခန်းပွဲ အကြိမ် (၅၀)
(ခ) သင်္ကြန်တွင်း စုပေါင်းဒုလ္လဘရဟန်းခံပွဲ နှင့် တရားစခန်းပွဲ (၁၃)ကြိမ်
(ဂ) အမေနေ့ အထိမ်းအမှတ် စုပေါင်းဒုလ္လဘရဟန်းခံပွဲ နှင့် တရားစခန်းပွဲ (၈)ကြိမ်
(ဃ) ကုလရက္ခိတ ယဉ်ကျေးလိမ္မာ လူငယ်အထူးတရားစခန်းပွဲ (၇)ကြိမ်
(င) ကုလရက္ခိတ ယဉ်ကျေးလိမ္မာ သင်တန်းအကြိမ် (၂၄၀)
(စ) ကုလရက္ခိတ ယဉ်ကျေးလိမ္မာ နည်းပြ ဆရာဖြစ်သင်တန်း (၆)ကြိမ်
(ဆ) အခြေခံပညာကျောင်းများ၏ ဆရာနှင့်ဆရာမများအား စာရိတ္တပညာ မြင့်မားရေး အထောက် အကူပြု သင်တန်း (၂)ကြိမ် စသည်ဖြင့် သာသနာရေးဆိုင်ရာ လုပ်ငန်းစဉ်များအား ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။
၈။ နိဗဒ္ဓအလှူခံရရှိငွေစာရင်း
၂၀၀၇ခုနှစ် မှ ၂၀၁၈ ခုနှစ် ထိ စုစုပေါင်း (၁၂)ကြိမ်ရှိပြီး ၂၀၀၇ ခုနှစ် မှ ၂၀၁၇ ခုနှစ် ထိ ပျမ်းမျှ အလှူခံရရှိငွေမှာ (၁)နှစ် သိန်း (၄၀၀)ကျပ်ဝန်းကျင်ထိ ရရှိကာ၊ ၂၀၁၈ ခုနှစ်တွင် (၁)လ(၁)ကြိမ် အလှူခံထွက်ခြင်းဖြင့် (၁)နှစ်လျှင် သိန်း (၇၀၀)ကျော်အထိ ရရှိနိုင်ပါသည်။
၉။ သာသနိက အဆောက်အဦးများ
(၁) ဉာဏ်တော် (၂၇)ပေရှိ ရွှေတိဂုံစေတီပုံတူ မင်္ဂလာဓာတုဓမ္မစေတီတော် = ၁ ဆူ
(၂) သစ္စာဉာဏ်ရောင် ဓမ္မဗိမာန်တော်ကြီး (အလျား၂၀၀ဒ _ အနံ ၈၀ဒ ၂ ထပ်) = ၁ ဆောင်
(၃) ဝိနယရံသီ သိမ်ကျောင်းဆောင် (အလျာ း၆၀ဒ _ အနံ ၄၅ဒ ၂ ထပ်) = ၁ ဆောင်
(၄) ဓမ္မရံသီ အဓိပတိနာယကချုပ်ဆရာတော်ဘုရား၏ ၂ ထပ်ကျောင်းဆောင် = ၁ ဆောင်
(၅) သံဃာတော်များ သီတင်းသုံးနိုင်ရန် ၂ ထပ် သံဃာဆောင် = ၅ ဆောင်
(၆) ဓမ္မစာရီ အမျိုးသား ယောဂီဆောင် = ၄ ဆောင်
(၇) ဓမ္မစာရီ အမျိုးသမီး ယောဂီဆောင် = ၁၄ ဆောင်
(၈) ဆောက်လုပ်ဆဲ ၄ ထပ် အမျိုးသမီးယောဂီဆောင် = ၁ ဆောင်
(၉) ဘောဇန အာဟာရ ဆွမ်းစားဆောင် (ယောဂီ (၈၀၀) ဆံ့ ၂ ထပ်) = ၁ ဆောင်
(၁၀) ဆွမ်းချက်ဆောင် (၂)ထပ် = ၁ ဆောင်
(၁၁) သာသနနုဂ္ဂဟနှင့် ပင်မဝေယျာဝစ္စအဖွဲ့ အမျိုးသမီးဆောင် = ၁ ဆောင်
(၁၂) ရုံးခန်း၊ ဆေးခန်းအဆောင် = ၁ ဆောင်
(၁၃) ဧည့်နားနေဆောင် (ပေ၅၀ ပတ်လည်) = ၁ ဆောင်
(၁၄) ဓမ္မရံသီ မိုးကုတ်ရိပ်သာကျောင်းတိုက် မုခ်ဦးကြီး = ၂ ခု
(၁၅) ဓမ္မရံသီ ကမ္ဗည်းကျောက်စာ မော်ကွန်းတိုက် = ၁ ဆောင်
(၁၆) အသောက ကျောက်စာတိုင် နှင့် ပန်းခြံ = ၁ ခု
(၁၇) ရေသန့်စက်ဆောင် = ၁ ဆောင်
(၁၈) ဂါလန် (၁၀၀၀၀)ဆံ့ ရေကန်ကြီး နှင့် စက်ရေတွင်း အုပ်စုံ = ၁ စုံ
(၁၉) ဂါလန် (၅၀၀၀)ဆံ့ ရေစင်ကြီး နှင့် စက်ရေတွင်း (၂)တွင်း အုပ်စုံ = ၁ စုံ
(၂၀) ဂါလန် (၃၀၀၀)ဆံ့ ရေစင် နှင့် စက်ရေတွင်း အုပ်စုံ = ၁ စုံ
(၂၁) ဂါလန် (၅၀၀)ဆံ့ ရေစင် နှင့် စက်ရေတွင်း အုပ်စုံ = ၁ စုံ
(၂၂) (၁၆၀)ဗို့ ထရန်ဖော်မာ = ၁ လုံး
(၂၃) ရေသန့်-ရေချမ်းစင် = ၉ ဆောင်
(၂၄) (၁၈)ခန်းပါ သန့်စင်ခန်း နှင့် ရေချိုးခန်းဆောင် = ၁ ဆောင်
အဆောက်အဦး စုစုပေါင်း = ၅၂ ဆောင်
၁၀။ နိဂုံးချုပ်
ဖော်ပြပါ အကြောင်းအရာတို့မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဓမ္မရံသီ မိုးကုတ်ရိပ်သာကျောင်း တိုက်ကြီး၏ ဖွဲ့စည်းပုံနှင့် သာသနာပြု လုပ်ငန်းစဉ်အရပ်ရပ်တို့ ဖြစ်ပါသည်။ ရှေ့ဆက်လက်၍ ဓမ္မရံသီ အဓိပတိနာယကချုပ် ဆရာတော် ဘုရားကြီး၏ သြဝါဒ လမ်းညွှန်မှုများကို ရိုသေစွာ ခံယူလျှက် မြတ်ဗုဒ္ဓ၏ သာသနာတော်မြတ်ကြီးနှင့် ဓမ္မရံသီ သာသနာပြု လုပ်ငန်းစဉ်ကြီးများ တိုးတက် ထွန်းကား လာစေရန် ကြိုးစား ဆောင်ရွက်သွားပါမည့်အကြောင်း မုံရွာမြို့၊ ဓမ္မရံသီ မိုးကုတ်ရိပ်သာကျောင်းတိုက်ကြီး၏ ဒကာ၊ ဒကာမများ ကိုယ်စား ရိုသေစွာ လျှောက်ထားရင်း နိဂုံးချုပ်အပ်ပါသည်။