သံဃာ့သြဝါဒခံ ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက် (မန္တလေး၊ မြစ်ငယ်မြို့)၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းစဉ်ဆောင်ရွက်မှု အစီရင်ခံစာ
၁။ နိဒါန်း
ဓမ္မရံသီဆရာတော်ဘုရားကြီး၏ စီစဉ်ညွှန်ကြားမှု သြဝါဒကိုခံယူလျှက် မြတ်ဗုဒ္ဓ၏ သာသနာတော်သုံးရပ် တိုးပွားစည်ပင် ထွန်းကားနိုင်ရေးကို ဆောင်ရွက်နေသော မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်မြို့၊ စာတိုးမြို့ပြင်ကြီးအုပ်စု၊ စက်ကွေ့ရပ်ရှိ သံဃာ့သြဝါဒခံ ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်ကြီး ဖြစ်ထွန်းလာမှုနှင့် လုပ်ငန်းစဉ်အရပ်ရပ်တို့အား အစီရင်ခံတင်ပြပါမည်။
၂။ ကြိုးစားရှာဖွေ မြေနေရာ
ဓမ္မရံသီဆရာတော်ဘုရားသည် မန္တလေးမြို့တွင် (၂၀၀၀) ပြည့်နှစ်မှ စတင်ကာ သစာတရားတော်များကို ဟောပြောချီးမြှင့်ခဲ့ပါသည်။ မန္တလေးမြို့ှ တပည့်ဒါယိကာ၊ ဒါယိကာမ များအတွက်လည်း သစာတရားများကို နာကြားမှတ်သားခွင့် ရရှိခဲ့ကြပါသည်။ မန္တလေးမြို့ှ တပည့်ဒါယိကာ၊ ဒါယိကာမ အားလုံးစုပေါင်းကာ မန္တလေး ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက် တည်ထောင်ဖွင့်လှစ်နိုင်ရန်ဝိုင်းဝန်းကြိုးပမ်းခဲ့ကြပါသည်။ ညအထူးတရားပွဲများ စတင်ပြုလုပ်ခဲ့ကြပြီး လူငယ်များနှင့် စတင်ကာ(၂၀၀၅)ခုနှစ်တွင် သာသနနုဂဟပင်မဝေယျာဝစအဖွဲ့ကို စတင်ဖွဲ့စည်းနိုင်ခဲ့ပါသည်။(၂၀၀၅)ခုနှစ်မှာဘဲ စစ်ကိုင်း-မန္တလေး၊ ဧရာဝတီမြစ် ကမ်းနားလမ်း ဆည်တဲကွန်း နေရာတွင် မြေ (၉) ဧကခန့် စတင်အလှူခံ ရရှိခဲ့ပါသည်။ ၎င်းမြေနေရာအား အခွန်လွှတ် သာသနာမြေကျရန် ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် အခက်အခဲများသာကြောင့် အောင်မြင်စွာ မဆောင်ရွက်နိုင်ခဲ့ပါ။
၃။ တည်ထောင်ခဲ့ပြီ ဓမ္မရံသီ
ဓမ္မဆရာတော် ဆရာတော်ဘုရား၏ ရှေးဘုန်းရှေးကံနှင့် တပည့်သာဝကများ၊ ဒကါ၊ ဒကါမများ၏ ကုသိုလ်ကံအားလျှော်စွာ (၂၀၀၇)ခုနှစ်၊ (၈)လပိုင်းတွင် မြစ်ငယ်မြို့၊ စာတိုးမြို့ပြင်ကြီးအုပ်စု၊ စက်ကွေ့ရပ်တွင် ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက် တည်ထောင်နိုင်ရန် မြေနေရာ (၅.၅)ဧကရှိသော ရှေးဟောင်း သာသနာမြေကို အလှူခံရရှိခဲ့ပါသည်။ ၎င်းနေရာသည် မြေစာရင်းဌာန(၁၉၁၂)မြေပုံတွင် (ဇီးဇံကျောင်း၊ စံပယ်ရုံကျောင်း)တို့၏ ရှေးဟောင်း မူလသာသနာမြေဖြစ်နေကြောင်း တွေ့ရပါသည်။ ထို့အတူ ရှေးဟောင်းနှစ်ထပ်ဘုရား အင်းဝခေတ် လက်ရာနှင့် မြသီတာရှေးဟောင်း ဆင်းတုတော်ပါ ဂူဘုရားများနှင့် ရှေးသိမ်တည်ရှိရာ နေရာတို့ကို မြေပုံအညွှန်းပါ ကိုက်ညီမှုများနှင့်အတူ သာသနာပြုခွင့် အလှူခံရရှိခဲ့ပြီးနောက် ဆရာတော်နှင့် ဒါယိကာ၊ ဒါယိကာမများစုပေါင်းကာ အားကြိုးမာန်တက် ဆက်လက်ဆောင်ရွက်ခဲ့ကြပါသည်။
၄။ ကုသိုလ်ပြုထား သာသနိက အဆောက်အဦးများ
( က) ပထမဦးဆုံး ရေတွင်းရေကန်ကို – ဖိုးရေချမ်း မိသားစု၊
( ခ ) ” မျိုးသိန်း” အီလက်ထရောနစ် မိသားစုမှ မတည်အလှူတော်ငွေ (ကျပ်သိန်း၅၀)
( ဂ ) ပထမဦးဆုံးသော ဘက်စုံသုံး ဓမ္မမာမ္မက ကျောင်းဆောင်ကို ဦးဘိုအေး (အလှကုန်)မိသားစုမှ ကျပ်သိန်း (၇၅၀)
( ဃ) သံဃာတော်များအတွက် နာယကအဆောင် ” ရီမွန်အဆောင် ” ကို ရီမွန်လက်ဖက် မိသားစုမှ ကျပ်သိန်း (၇၅၀)
( င ) ” တိုယိုတာ ” မိသားစုမှ နာယကကျောင်းဆောင်အတွက် ကျပ်သိန်း (၇၅၀)
( စ )” မြမာလာ ” မိသားစုမှ နာယကကျောင်းဆောင်အတွက် ကျပ်သိန်း (၇၅၀)
( ဆ) ” ရွှေလဝန်း ” မိသားစုမှ နာယကကျောင်းဆောင်အတွက် ကျပ်သိန်း (၇၅၀)
( ဇ ) ” မြစန်းသော်တာ ” မိသားစုမှ နာယကကျောင်းဆောင်အတွက် ကျပ်သိန်း (၇၅၀)
( ဈ ) ” ဟန် ” အထူးကုဆေးခန်းမှ ဝိလာသိနီ သိမ်တော်ကြီးအတွက် ကျပ်သိန်း (၁၂၀၀)
( ည) သစ္စာဉာဏ်ရောင် နှစ်ထပ်ဗိမာန်တော်ကြီးအတွက် ကျပ်သိန်း (၉၅၀၀)
( ဋ ) ယောဂီ (၃၀၀) အတွက် ၃-ထပ်ဆောင်၊ (၁)ထပ်လျှင် (၁၆)ခန်းပါ ကျပ်သိန်း (၆၀၀၀)
( ဌ ) “ပန်းနု” စာရေးကိရိယာမိသားစုမှ တည်ဆောက်ဆဲ ၃-ထပ် ရောဟိနီ ဆွမ်းစားဆောင် အတွက် ကျပ်သိန်း (၁၅၀၀) နှင့် အများစုပေါင်းအလှူငွေ ကျပ်သိန်း (၃၅၀၀)
( ဍ )အောင်ချမ်းသာ မိသားစုမှ ၂-ထပ် ပရိယတိ စာသင်ဆောင်အတွက် ကျပ်သိန်း(၁၅၀၀)
( ) ဓမ္မရံသီ ဆရာတော်မှ တည်ဆောက်ဆဲ ပရိယတိ ၃-ထပ် စာသင်ဆောင်အတွက် ကျပ်သိန်း(၁၀၀၀)နှင့် အများစုပေါင်းကာ တည်ဆောက်လျှက်ရှိပါသည်။
(ဏ) ” စိန်စပယ်ဖူး ” မိသားစုမှရေတွင်း ရေစင်အတွက် ကျပ်သိန်း (၃၅၀)
(တ)” မြစန်းသော်တာ” မိသားစုမှ ရေတွင်းရေစင် အမှတ်-၂ အတွက် ကျပ်သိန်း(၁၀၀)
၅။ ကြိုးစားရွက်ဆောင်သည့် ပရိယတိသာသနာ
” ပရိယတိမူလံ သာသန အာယု ” ပရိယတိသာသနာသည် မြတ်ဗုဒ္ဓ သာသာနာတော်၏အသက် ဟု ဆိုသည့်အတိုင် မန္တလေးဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက် အနေဖြင့် (၂၀၁၃)ခုနှစ်တွင် စာသင်တိုက်ဖွင့်လှစ် ဆောင်ရွက်နိုင်ခဲ့ပါသည်။ လက်ရှိအချိန်တွင် စာချဆရာတော် အပါး (၂၀) တို့က တာဝန်ယူကာ ကိုရင် အပါး(၁၀၀)ကျော်တို့အား ပရိယတိ စာသင်၊စာချ လုပ်ငန်းများကိုလည်း အထူးအလေးပေး ဆောင်ွက်နေပါသည်။ ယခင်နှစ်များတွင် သာမဏေကျော်လင်္ကာရများ၊ အစိုးရစာမေးပွဲများအတွက် သာမဏေများအား သင့်တော်သော ကျောင်းတိုက်များသို့ ပို့ဆောင်သင်ကြား ဝင်ရောက်ဖြေဆိုစေခဲ့ပါသည်။ ယခု (၂၀၁၈) ခုနှစ်တွင် ကျောင်းတွင်းပင် စာဝါများ စနစ်တကျပို့ချ အစိုးရစာမေးပွဲများ ဝင်ရောက်နိုင်ပြီဖြစ်ပါသည်။
၆။ပဋိပတိသာသနာ လွန်စွာမှ ထွန်းကား
မန္တလေးဓမ္မရံသီမိုးကုတ်ရိပ်သာကြီး၏ ပဋိပတိလုပ်ငန်းများအနေဖြင့်
(က) ဝါတွင်းဝါပ တရားစခန်း (ရိပ်သာတွင်း) = ၆၂ ကြိမ်
(ခ ) နိဗဒ (မီးငြိမ်း) အထူးတရားစခန်းပွဲ (မြို့တွင်း) = ၂၆ ကြိမ်
(ဂ) လူငယ် အထူးတရားစခန်းပွဲ (ရိပ်သာအတွင်း) = ၅ ကြိမ်
(ဃ) ညအထူးတရားပွဲ (မြို့တွင်း) = ၅၅ ကြိမ် ထိအောင်မြင်စွာ ကျင်းပနိုင်ခဲပြီး ဖြစ်ပါသည်။
၇။ စာရိတပညာ မြှင့်ပါသည် နောင်ရေး
မန္တလေးဓမ္မရံသီမိုးကုတ်ရိပ်သာကြီးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒဘာသာ ယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့(ဗဟို)၊မန္တလေးယဉ်ကျးလိမ္မာစင်တာအဖြစ် ဆောင်ရွက်နေပါသည်။ လုပ်ငန်းစဉ်များမှာ ကျယ်ပြန့်သည့်အတွက် သီးသန့် အစီရင်ခံဖတ်ကြားပါလိမ့်မည်။
၈။ ဘဏ္ဍာရေးရာ သဒ္ဒါပွား
မန္တလေးဓမ္မရံသီမိုးကုတ်ရိပ်သာကြီး၏ ဘဏ္ဍာငွေကြေးလည်ပတ်မှုမှာ လစဉ် တရားစခန်းပွဲများ၊ နိဗဒကုသလဒါနအသင်းတည်ထောင်ထားပြီး စုဘူးများနှင့် စုဆောင်းကာ နှစ်စဉ် ပြာသိုလပြည့်ကျော်တွင် စုပေါင်းလှူဒါန်းကာ ရေစက်ချပွဲများ ပြုလုပ်ကျင်းပပါသည်။
နှစ်စဉ် နိဗဒအလှူငွေ ကောက်ခံရရှိမှုများမှာ
(၁) ၂၀၀၉ – ခုနှစ် = ၁၇၆ (သိန်း)
(၂) ၂၀၁၀ – ခုနှစ် = ၃၃၇ (သိန်း)
(၃) ၂၀၁၁ – ခုနှစ် = ၅၂၅ (သိန်း)
(၄) ၂၀၁၂ – ခုနှစ် = ၆၀၁ (သိန်း)
(၅) ၂၀၁၃ – ခုနှစ် = ၇၈၃ (သိန်း)
(၆) ၂၀၁၄ – ခုနှစ် = ၇၉၄ (သိန်း)
(၇) ၂၀၁၅ – ခုနှစ် = ၇၇၉ (သိန်း)
(၈) ၂၀၁၆ – ခုနှစ် = ၇၆၅ (သိန်း)
(၉) ၂၀၁၇ – ခုနှစ် = ၇၉၈ (သိန်း)
(၁၀) ၂၀၁၈ – ခုနှစ် = ၉၁၄ (သိန်း)
၉။ နိဂုံးကမတ် အဆုံးသတ်
ဓမ္မရံသီအဓိပတိနာယကချုပ် ဆရာတော်ဘုရားကြီး၏ သြဝါဒလမ်းညွှန်မှုကိုရိုသစွာ ခံယူလျှက် မြတ်ဗုဒ္ဓ၏ သာသနာတော်မြတ်ကြီးနှင့် ဓမ္မရံသီသာသနာပြု လုပ်ငန်းစဉ်ကြီးများ ဖြစ်ကြသည့် ပရိယတ်၊ ပဋိပတ်၊ ပရဟိတ လုပ်ငန်းများကို လနယ် နေသို့ ထွန်းလင်းလာစေဖို့ရန် မန္တလေးဓမ္မရံသီမိုးကုတ်ရိပ်သာကြီး၏ နာယကလူကြီးများ၊ အမှုဆောင်ဒကါ၊ ဒကါမများမှ ရှေ့ဆက် ကြိုးစားဆောင်ရွက် သွားပါမည့်အကြောင်းရိုသေလေးစားစွာလျှောက်ထားရင်း နိဂုံးချုပ်အပ်ပါသည်။